ြမန်မာနိုင်ငံတွင် အမြင့်ဆံုးြမို့

ချင်းပြည်နယ် ဖလမ်းမြို့သည် ဗန်ကာအိုတောင်ပြာတန်းကြီးပေါ်၌ ပေါက်ရောက်သည့် ထင်းရှူးပင်များကြားမှ ထင်းရှူးရနံ့လှိုင်လှိုင်သင်းခြင်း၊ ဆောင်းရာသီတွင် တစ်မြို့လုံးအနှံ့ ချယ်ရီပန်းများဝေဝေဆာဆာ ဖူးပွင့်လျက်ရှိခြင်း၊ စိန်ပန်းနီနှင့် စိန်ပန်းပြာများဖြင့် ရာသီအလိုက် မြို့အလှတန်ဆာဆင်ထားသောကြောင့် နေချင်စဖွယ်ကောင်းလှသည့် မြို့ဖြစ်သည်။ဖလမ်းမြို့ သည်ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၅,၂၈၃ ရှိသော ဗန်ကာအိုတောင်တန်းကြီးပေါ်တွင် တည်ရှိပြီး အရှေ့မှအနောက်သို့ ၄၀ မိုင်၊ တောင်မှမြောက်သို့ ၂၂ မိုင်ခန့်နှင့် ဧရိယာစတုရန်းမိုင် ၉၁၄.၈၇ မိုင်ခန့်ရှိကာ ၅၈၅,၅၁၄ ဧက ကျယ်ဝန်းပါသည်။ဗန်ကာအိုတောင်တန်းကြီးသည် ၁၈၈၉ခုနှစ်တွင် ဗြိတိသျှတို့က စခန်းချအသုံးပြုသည့် တောင်တန်းကြီးဖြစ်ပြီး ၁၈၉၂ ခုနှစ် ဧပြီလမှ ဇွန်လအတွင်း ဗြိတိသျှတို့က ယခုဗလိုင်ရပ်ကွက်မြေနေရာတွင် စစ်စခန်းနှင့် အုပ်ချုပ်ရေးဌာန စတင်တည်ထောင်လျှက် ဖလမ်းမြို့ဟုခေါ်ဝေါ်အသုံးပြုခဲ့သည်။ဖလမ်းမြို့၌ ယခုချိန်တွင် အဆောက်အအုံနှင့် အိမ်ခြေ ၁,၇၂၄ ခန့်ရှိပြီး လူဦးရေ ၇,၇၀၀ ကျော်ခန့်နေထိုင်သည်။ ဖလမ်းမြို့သည် ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့သို့ သွားရာလမ်းမကြီးပေါ်တွင်တည်ရှိကာ မြို့ပေါ်တွင် ရပ်ကွက်ကြီးလေးခု၊ အထက်တန်းကျောင်း နှစ်ကျောင်း၊ အထက်တန်းကျောင်းခွဲ တစ်ကျောင်း၊ ခုတင် ၂၀၀ ဆံ့ဆေးရုံတစ်ရုံ၊ သူနာပြုသင်တန်းကျောင်း အလွန်စည်ကားလျက်ရှိသည်။ဖလမ်းမြို့တွင် ကျေးရွာပေါင်း ၁၆၀ ရွာရှိသည်။သောက်သုံးရေ အတွက် တောတောင်များကြားမှထွက်ရှိသော သဘာဝစိမ့်စမ်းရေများကိုသာ အသုံးပြုကြသည်။ လျှပ်စစ် ဓာတ်အားအနေဖြင့် ငဆစ်ဗားရေအားလျှပ်စစ်မှ ၂၄ နာရီလျှပ်စစ်မီးရရှိ သဖြင့် ပြည်သူများနေထိုင်မှုအဆင်ပြေကြပြီး သန့်ရှင်းသောလေ၊ ရေသန့်များရရှိကာ အလွန်သာယာသည့်မြို့ဖြစ်သည်။

Leave a comment

Design a site like this with WordPress.com
Get started